Tuesday, December 18, 2007

“တွယ်ရာမဲ့ခြင်း”

“တစ်ခါ” “တစ်ခါ”

ငါရဲ့ ၀ိညဉ်ဟာ

တိမ်တွေကို စီးပြီး

အနော်မာမြစ်ကို ဖြတ်လို့ပေါ့။

“တစ်ခါ”“တစ်ခါ”

ငါနဲ့ အနီးဆုံး၊ (နှင့်)

မင်းနဲ့တောင်၊ (နှင့်)

ကမ္ဘာ တစ်ခုခြားနေရဲ့။

“တစ်ခါ”“တစ်ခါ”

ငါ တိမ်တွေကိုအရောင်ဆိုးမိရဲ့
ဟော…………..

တိမ်နီ၊ တိမ်ညို၊ တိမ်ပြာ၊ တိမ်နက်တွေ

ငါ မော့ကြည့်လိုက်တဲ့အခါ

ငါ့..ဆီပြိုဆင်းလာနေရဲ့

ဒါပေမယ့်…

လေဟာနယ် တစ်ခုမှာ

အခုထိ ….

ငါ လွှင်မျောနေတုန်း။

No comments: